ကိုရီးယားလေယာဉ် အင်ဂျင်မီးလောင် (ရုပ်သံ)

1.4K
ဂျပန်နိုင်ငံ တိုကျို လေဆိပ်မှာ မေ ၂၇ ရက်က ကိုရီးယားလေကြောင်းလိုင်း လေယာဉ် အင်ဂျင်မီးလောင်လို့ ခရီးသည်နဲ့ လေယာဉ်မောင်အပါအ၀င် လူ ၃၀၀ကျော် ကို ဘေးလွှတ်ရာကို ရွှေ့ဆိုင်းခဲ့ပါတယ်။
တိုကျို ဟန်နီဒါ လေဆိပ်မှာ အင်ဂျင်မီးလောင်နေတဲ့လေယာဉ်ကို မီးသတ်သမားတွေက မီးကို ငြိမ်းသတ်ဖို့ ကြိုးစားခဲ့ပါတယ်။
လေယာဉ်တက်ခါနီးအချိန်မှာ အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၃၀၂ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၇ ဦးပါဝင်ပါတယ်။ တဦးတယောက်မှ ဒဏ်ရာရရှိခဲ့ခြင်း မရှိပါဘူး။
ဒဏ်ရာရာသူ ၂ ဦးရှိတယ်လို့ သတင်းထွက်နေပေမယ့် အတည်မပြုနိုင်ဘူးလို့လည်း တာဝန်ရှိသူ တွေက ပြောပါတယ်။