မြန်မာအမျိုးသမီး ၁ ဦး အင်ဒိုလေဆိပ်၌ ၁ လကျော်ကြာ ဒုက္ခရောက်နေ
DVB
·
May 27, 2016
အင်ဒိုနီးရှားလေဆိပ်မှာ ၁ လကျော်ကြာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားအမျိုးသမီးတဦးကို မိသားစုဝင် ဆွေမျိုးသားချင်းတွေအနေနဲ့ အမြန်ဆုံးဆက်သွယ်ဖို့ ဂျာကာတာအခြေစိုက် မြန်မာသံရုံးက ပန်ကြားလိုက်ပါတယ်။
မမေဖြူဖြူလွင် (ခေါ်) ဖြူဖြူအမည်ရှိ အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်က ထိုင်း လေကြောင်းနဲ့ ရန်ကုန်ထွက်ခွာလာကာ ဧပြီ ၁၄ မှာ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိပြီး တရုတ်နိုင်ငံကိုသွားမယ်ဆိုပေမယ့် ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိဘဲ လေဆိပ်မှာ အတိဒုက္ခ ရောက်နေတာလို့ ဆိုပါတယ်။
အဆိုပါ အမျိုးသမီးရဲ့ လိပ်စာကတော့ ရှမ်းပြည်နယ် လားရှိုးမြို့၊ ၈ ရပ်ကွက်၊ ပတ္တမြားလမ်း၊ အိမ်အမှတ် ၁/၁၆ ဖြစ်ပါတယ်။