A d v e r t i s e m e n t With Us

လူမည်းကို အ၀တ်လျှော်စက်ထဲထည့် ဖြူအောင်လျှော်ဖွပ်သည့် ကြော်ငြာ ဝေဖန်ခံရ (ရုပ်သံ)

လူမည်းကို အ၀တ်လျှော်စက်ထဲထည့်ပြီး အသားဖြူအောင် လျှော်ဖွပ်ပြလိုက်တဲ့ တရုတ်ဆပ်ပြာမှုန့် ကြော်ငြာကို လူမျိုးရေးခွဲခြားတဲ့ ကြေညာအဖြစ် ဝေဖန်နေပါတယ်။ Qiaobi ဆပ်ပြာမှုန့် ကြော်ငြာမှာ အ၀တ်လျှော်စက်နား အ၀တ်တွေလျှော်ဖို့ ထည့်နေတဲ့ အမျိုးသမီးကို လူမည်းအမျိုးသားတဦးက မျက်စပစ်ချဉ်းကပ်ခဲ့ပါတယ်။ အမျိုးသမီးက လက်တို့ခေါ်လိုက်ပြီး အနီးရောက်လာတဲ့ အမျိုးသားကို အ၀တ်လျှော်စက်ထဲ တွန်းထည့်လိုက်ပါတယ်။ ဒီနောက် အမျိုးသမီးက အ၀တ်လျှော်စက်ကိုပိတ်ကာ အဖုံးပေါ် တက်ထိုင်ခဲ့ပြီး လျှော်ဖွပ်ခဲ့ပါတယ်။ ဒီနောက် ဆပ်ပြာမှုန့်ကို ပြသထားခဲ့ပြီး အ၀တ်လျှော်စက်အဖုံးကို ဖွင့်လိုက်ရာမှာတော့ အသားအရေ ဖြူသွားတဲ့ သူတဦး ပြန်ထွက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကြော်ငြာကို အမေရိကန်က ဂီတသမား ခရစ္စတိုဖာပိုဝဲလ်က လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်ကနေ ဖြန့်ဝေလိုက်ပြီး ပျံ့နှံ့သွားပါတယ်။ ကြော်ငြာကြောင့် တုန်လှုပ်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။ အရင်က အလားတူကြော်ငြာမျိုးကိုလည်း အီတလီက ထုတ်ကုန်တခုက ကြော်ငြာခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up