ရေကြီးသဖြင့် လုံခြုံရေးအား ကျောပိုးခိုင်းသည့် ဗီယက်နမ်အရာရှိကို ဝေဖန်မှုမြင့်တက်

1.9K
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းထန်လို့ ဗီယက်နမ် ဟနွိုင်းမြို့မှာ ရေကြီးခဲ့ရာမှာ လုံခြုံရေးတွေကို ကျောပိုးခိုင်းတဲ့ ဗီယက်နမ်အရာရှိကို လူမှုကွန်ရက် သုံးစွဲသူတွေက ဝေဖန်နေပါတယ်။
ရုံးတခုရှေ့က ရေကြီးနေတဲ့ လမ်းပေါ်မှာ ကားတစီးရပ်ထားပြီး အရာရှိလို့ မှတ်ထင်ရတဲ့သူက ကားပေါ်ကနေ ဆင်းဖို့ လုပ်ဆောင်ရာမှာတော့ အနီးနားက လုံခြုံရေးသမား ၂ ဦးက ထိုင်ခုံတလုံးကို ကားအနီးမှာ ချပေးခဲ့ပါတယ်။
ရေစိုမှာကို စိုးရိမ်နေတဲ့ အရာရှိက ကားပေါ်ကနေတဆင့် ထိုင်ခုံပေါ် လှမ်းတက်ခဲ့ရာမှာ အစောင့်တဦးက ထိုင်ခုံကို ထိန်းထားပေးပါတယ်။
ဒါပေမယ့်လည်း ထိုင်ခုံက ရုံးရှေ့က လှေကားထစ်နဲ့ ဝေးနေတဲ့အတွက် အနီးနားမှာ ရှိနေတဲ့ အစောင့်တဦးရဲ့ ကျောပေါ်ကို ကုန်းပိုးပြီး လမ်းကို ကူးခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ဓာတ်ပုံနဲ့ ရိုက်ကူးထားပြီး ဗီယက်နမ် လူမှုကွန်ရက် သုံးစွဲသူတွေက ဖြန့်ဝေပြီး ဝေဖန်နေကြပါတယ်။
ဒီဓာတ်ပုံရဲ့အောက်က မှတ်ချက်ရေးတဲ့နေရာမှာ တချို့က ဗီယက်နမ်ခေါင်းဆောင် ဟိုချီမင်း ရေထဲကူးနေတဲ့ပုံနဲ့ တွဲဖက်ပြီး ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။
ဒီဓာတ်ပုံရဲ့အောက်က မှတ်ချက်ရေးတဲ့နေရာမှာ တချို့က ဗီယက်နမ်ခေါင်းဆောင် ဟိုချီမင်း ရေထဲကူးနေတဲ့ပုံနဲ့ တွဲဖက်ပြီး ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။