A d v e r t i s e m e n t With Us

နိုင်ငံရေးသမားများကို နှစ်ရှည်အကျဉ်းချရာတွင် အသုံးပြုခဲ့သည့်ဥပဒေ ရုပ်သိမ်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ အပါအ၀င် နိုင်ငံရေးသမားတွေကို နှစ်ရှည်အကျဉ်းချရာမှာ အသုံးပြုခဲ့တဲ့ဥပဒေကို သမ္မတလက်မှတ်နဲ့ မေလ ၂၆ ရက်နေ့က ရုပ်သိမ်းခဲ့ပါတယ်။ နိုင်ငံရေးသမားတွေကို နှစ်ရှည်အကျဉ်းချရာမှာ အသုံးပြုခဲ့တဲ့ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေကို ပြန်ရုပ်သိမ်းတဲ့ ဥပဒေကို မေလ ၂၆ ရက်နေ့ ရက်စွဲနဲ့ သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။ ဒီဥပဒေဟာ မဆလ အစိုးရလက်ထက် ၁၉၇၅ ခုနှစ်ကတည်းက ပြဌာန်းပြီး စစ်အစိုးရ အဆက်ဆက်နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချရမှာ အသုံးပြုခဲ့တာဖြစ်ပြီး  ခုအန်အယ်လ်ဒီအစိုးရလက်ထက်မှာ  ပြန်ရုပ်သိမ်းလိုက်တာပါ။

A d v e r t i s e m e n t With Us

More News
Up