A d v e r t i s e m e n t With Us

လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းများကို အစိုးရဦးဆောင်ပြီး အများပိုင် ပြောင်းလဲမည်

လက်ရှိပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို အစိုးရကဦးဆောင်တဲ့ အများပိုင် ယာဉ်လိုင်းတွေအဖြစ် ပြောင်းလဲသွားဖို့ စီစဉ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူတွေ သွားလာရေအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် အစိုးရပိုင်၊ အများပိုင် ယာဉ်လိုင်းတွေ ဆောင်ရွက်ပေးဖို့ ရှိမရှိ မေးခွန်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က လုပ်ဆောင်ပေးဖို့ရှိတယ်လို့ လွှတ်တော်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ် ၀န်ကြီး ဒေါ်နီလာကျော်က ဖြေကြားခဲ့ပါတယ်။ ယာဉ်ကြောကျပ်မှုကို ဖြေရှင်းနိုင်ဖို့နဲ့ ဘတ်စ်ကားတွေ စည်းကမ်းမရှိမောင်းနှင်မှုတွေကို ဖြေရှင်းနိုင်ဖို့ လမ်းလယ်တွေမှာ ဘလောက်တုံးတွေ ချထားတဲ့ စနစ်ကိုလည်း ဖယ်ရှားသွား မယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အသစ်ပြေးဆွဲနေတဲ့ BRT ဘတ်စ်ကားလိုင်းဟာလည်း အစိုးရဦးဆောင်တဲ့ အများပိုင်ယာဉ်လိုင်းဖြစ်ပြီး လက်ရှိမှာ ၄၈ စီးပြေးဆွဲနေပြီး နောက်ထပ်အစီး ၂၀ ထပ်တိုးပြေးဆွဲ သွားဖို့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up