A d v e r t i s e m e n t With Us

သြစတြေးလျတွင် လင်းဆွဲအုပ် အဆမတန်ကျရောက် (ရုပ်သံ)

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်က ဘိတ်မန်းစ်ဘေး (Batemans Bay) အပန်းဖြေမြို့မှာ လင်းဆွဲအုပ်တွေ အဆမတန် ကျရောက်နေတဲ့အတွက် မြို့ခံတွေ စိတ်အနှောင့်အယှက် ဖြစ်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီ နိုင်ငံတောင်ပိုင်းက အပန်းဖြေကမ်းခြေမြို့မှာ လင်းဆွဲအုပ်တွေ ပြောင်းရွှေ့လာကြပြီး အခုဆို အကောင်ရေ ၃ ဆလောက် တိုးလာပြီလို့ ဆိုပါတယ်။ အစိုးရက ထိန်းသိမ်းကာကွယ်ထားတဲ့ လင်းဆွဲမျိုးတွေ ဖြစ်တဲ့အတွက် ဖမ်းဆီးဖယ်ရှားလို့လည်း မဖြစ်တဲ့အတွက် မြို့ခံအာဏာပိုင်တွေက ဘယ်လိုထိန်းချုပ်ရမလဲ ခေါင်းခြောက်နေကြပါတယ်။ မြို့ခံတဦးကတော့ မနက်မိုးလင်းလာတာနဲ့ တရက်မပြတ် အိမ်ရှေ့စင်္ကြန်နဲ့ ကားကို နေ့စဉ်မပြတ် ဆေးကြောနေရတယ်လို့ စိတ်ပျက်လက်ပျက် ပြောဆိုပါတယ်။ လျှပ်စစ်ဓာတ်အားကြိုးတွေ ပြတ်တောက်တာ၊ ကမ္ဘာလှည့်ခရီးသွားတွေ မလာတော့တာ၊ မြို့အိမ်ခြံမြေဈေးကွက်တွေ ထိခိုက်တာတွေလည်း ဖြစ်ရတယ်လို့ Seven News သတင်းဌာနက ဆိုပါတယ်။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ပြည်နယ်အစိုးရက အမေရိကန်ဒေါ်လာ ၂ သန်းခွဲ သတ်မှတ်ထားတယ်လို့ အေဘီစီရုပ်သံက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up