မီးသတ်သမား တရာကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရသည့် သြစတြေးလျ ကားသင်္ချိုင်းမီး (ရုပ်သံ)
Published By
DVB | 27 May, 2016
1.2K
0
Share
0
Comment
0
Likes
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ မေလ ၂၅ ရက်နေ့က ကားသင်္ချိုင်းတခု မီးအကြီးအကျယ်လောင်မှုကြီး ဖြစ်ခဲ့တဲ့အတွက် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်နဲ့ ငြှိမ်းသတ်ခဲ့ကြရပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေ အစွမ်းကုန်ကြိုးစား မီးငြှိမ်းသတ်ခဲ့ကြပေမယ့် ကားသင်္ချိုင်းမှာ မီးလောင်မှုကို အားပေးတဲ့ ပစ္စည်းတွေကြောင့် မနိုင်မနင်း ဖြစ်ခဲ့ကြတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ကားတာရာတွေ၊ ကားဓာတ်ငွေ့ရည်နဲ့ လောင်စာဆီတွေ၊ ကားတွင်းပစ္စည်းတွေကြောင့် မီးတောက်တွေ တော်တော်ကြီးမားခဲ့တယ်လို့ နယူးဆောက်ဝေးပြည်နယ် ရဲမင်းကြီးက ပြောပါတယ်။
လူ ၂ ဦး အပြင်းအထန် မီးလောင်ကျွမ်းဒဏ်ရာ ရရှိခဲ့ကြတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
သူတို့ ၂ ဦးကို အရေးပေါ် ရှေးဦးသူနာပြု ဆေးကုသမှုတွေ ပေးခဲ့ပြီး Royal North Shore ဆေးရုံမှာ တင်ပို့ကုသထားပြီး စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတုန်းပဲလို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်ရတဲ့ အကြောင်းရင်းကို ဒေသခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။