မန်ယူအသင်း နည်းပြရာထူးအတွက် မော်ရင်ဟိုနှင့် သဘောတူညီချက်ရရှိ
အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက်အသင်းမှာ နည်းပြလုပ်ဖို့ မော်ရင်ဟိုနဲ့ သဘောတူညီချက် ရရှိသွားပြီ ဖြစ်ပါတယ်။
မော်ရင်ဟိုရဲ့ ကိုယ်စားလှယ် ဂျော့မန်ဒီနဲ့ မန်ယူ အဆင့်မြင့်အရာရှိတွေ ၃ ရက်ကြာ ဆွေးနွေးခဲ့ပြီး သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
စာချုပ်ကိုတော့ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသလို တရားဝင်ကြေညာချက်ကိုတော့ မေ ၂၇ ရက်မှာ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
၃ နှစ်တာစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိတယ်လို့လည်း သတင်းတွေမှာ ရေးပါတယ်။
ချဲလ်ဆီးက ရယူထားတဲ့ မော်ရင်ဟိုရဲ့ မူပိုင်ခွင့်ကြောင့် မော်ရင်ဟိုနဲ့ မန်ယူတို့အကြား ဆွေးနွေးမှုတွေ ကြန့်ကြာနေတာ ဖြစ်ပါတယ်။
မန်ယူအသင်း အက်ဖ်အေဖလားရရှိပြီး ၂ ရက်အကြာ ထုတ်ပယ်လိုက်တဲ့ နည်းပြ ဗန်ဂါးလ်နေရာမှာ မော်ရင်ဟိုနဲ့ အစားထိုးမှာ ဖြစ်ပါတယ်။