သီချင်းဆိုပြီး ဆင်ကို ချော့သိပ်သည့် အမျိုးသမီး (ရုပ်သံ)

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မဲ့တင်က သဘာဝ ဆင်ဥယျာဉ်မှာ အမျိုးသမီးတဦးဟာ သီချင်းဆိုပြီး ဆင်ကို ချော့သိပ်ရာမှာတော့ ဆင်က အိပ်မောကျသွားပါတယ်။ ဒီဖြစ်ရပ်ကို ဥယျာဉ်က ၀န်ထမ်းတဦးက ဗွီဒီယိုရုပ်သံအဖြစ် မှတ်တမ်းတင်ထားခဲ့ပါတယ်။ လပ်လို့ခေါ်တဲ့ အမျိုးသမီးက ဖာဖိုင်းလို့ခေါ်တဲ့ ဆင်နဲ့ အပေါက်အလမ်းတည့်နေသလို နှစ်ပေါင်းများစွာ သီချင်းဆိုပြီး ချော့သိပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆင်ဆီသွားတဲ့အခါမှာ လပ်က နူးညံ့တဲ့အသံနဲ့ သီချင်းဆိုပြရာမှာတော့ ဆင်က နှာမောင်းနဲ့ဆွဲပြီး သူ့ကို ဖက်ခဲ့ပါတယ်။ ဒီနောက် အမျိုးသမီးက ဆင်နားမှာရှိတဲ့ အင်းဆက်တွေကို အ၀တ်တထည်နဲ့ မောင်းထုတ်ဖယ်ရှား ပေးရာမှာ အိပ်ချင်လာတဲ့ဆင်က လှဲချခဲ့ပါတယ်။ လပ်ကလည်း ဆင်ပေါ်ကိုမှီပြီး ဆင်အိပ်ပျော်သွားပေမယ့် သီချင်းကို ဆက်လက်သီဆိုခဲ့ပါတယ်။ ဒီရုပ်သံကို ကြည့်ရှုသူပေါင်း သိန်းချီရှိခဲ့ပြီး တချို့ကတော့ တအံ့တသြနဲ့ မှတ်ချက်တွေ ရေးသားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up