အမေရိကန်တွင် လိင်ပြောင်းသူများ သန့်စင်ခန်း မူဝါဒ ပြောင်းလဲပေးရန် တောင်းဆို
အစိုးရကျောင်းတွေမှာ လိင်ပြောင်းလဲထားသူတွေ သန့်စင်ခန်း အသုံးပြုမှုနဲပတ်သက်လို့ သမ္မတ အိုဘားမားအစိုးရက နောက်ဆုံး ထုတ်ပြန်ထားတဲ့ မူဝါဒကို ပြန်ပြောင်းပေးဖို့ ပြည်နယ် ၁၁ ခုက တောင်းဆိုထားပါတယ်။
လိင်ပြောင်းလဲထားတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကိုယ်နဲ့ သင့်တော် အပ်စပ်တဲ့ သန့်စင်ခန်းတွေကို အသုံးပြုဖို့ အစိုးရက ညွန်ကြားထားကို ပြန်ပြောင်းပေးဖို့ တောင်းဆိုကြတာပါ။
သမ္မတ အိုဘားမား အစိုးရက အရင်တပတ် တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ညွန်ကြားချက်အရ လိင်ပြောင်းလဲထားသူတွေအနေနဲ့ သူတို့ စိတ်ကြိုက် သန့်စင်ခန်းတွေကို အသုံးပြုနိုင်တယ်လို့ ပါရှိပါတယ်။
ဒါကို ရီပက်ဘလစ်ကန်တွေက ဒေါသထွက်ခဲ့ကြပြီး တရားစွဲတဲ့ ပြည်နယ်တွေကလည်း ရီပက်ဘလစ်ကန်တွေ အုပ်ချုပ်ထားတဲ့ပြည်နယ်တွေပါ။
တက္ကဆက်ပြည်နယ်၊ အလာဘားမား၊ ၀က်စ်ကွန်ဆန်၊ ဗာဂျင်းနီးယား၊ တန်နက်စီ၊ အိုကလာ ဟိုးမား၊ လူဝီစီယားနား၊ အူးတက်၊ ဂျော်ဂျီယာ၊ အရီဇိုးနား ပညာရေးဌာန၊ မိန်းပြည်နယ် အုပ်ချုပ်ရေးမှူးတို့ ပါဝင်ပါတယ်။