မင်းသား ဂျော်နီဒက်ဖ်ဇနီး ကွာရှင်းခွင့်လျှောက်

851
မင်းသမီး အမ်ဘာဟတ်ကတော့ မင်းသား ဂျော်နီဒက်နဲ့ ကွာရှင်းဖို့အတွက် လော့စ်အိန်ဂျယ်လိ တရားရုံးမှာ မေ ၂၂ ရက်က လျှောက်ထားလိုက်ပါတယ်။
ရင်ကြားစေ့လို့ မရတဲ့ ကွဲပြားမှုတွေကြောင့် ကွာရှင်းဖို့ တောင်းခံလိုက်ပြီး ဇနီးမယားနဲ့ ပတ်သက်တဲ့ ထောက်ပံ့မှုကို ရရှိအောင်လည်း လျှောက်ထားခဲ့ပါတယ်။
အသက် ၃၀ အရွယ် ဟတ်နဲ့ ၅၂ နှစ်ရှိ ဒက်ဖ်တို့ဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှာ လက်ထပ်ခဲ့ကြပြီး သားသမီး ထွန်းကားခဲ့ခြင်း မရှိပါဘူး။
အရင်နှစ်ကလည်း သြစတြေးလျကို ခွေး ၂ ကောင် တရားမ၀င် သယ်ယူလာလို့ ဒီလင်မယားဟာ နိုင်ငံတကာ သတင်းစာရဲ့ ခေါင်းကြီးသတင်းမှာ နေရာယူထားပါတယ်။
ဒီခွေး ၂ ကောင်ကိုတော့ ဘယ်လိုခွဲဝေကြမလဲမသိဘူး ဆိုပြီးတော့လည်း နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။
အရင်က ဂျော်နီဒက်ဟာ လောရီ အန်နီအဲလီဆန်နဲ့ ၁၉၈၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။
ဂျော်နီဒက်ဟာ The Tourist၊ Pirates of Caribbean ဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသားတဦးလည်း ဖြစ်ပါတယ်။