Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မောင်တောတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတဦး ပစ်သတ်ခံရ
နန်းမြနဒီ
·
May 26, 2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ မောင်တောမြို့မြောက်ဘက် ၁၅ မိုင်လောက်အကွာ ဖားဝပ်ချောင်းဆိုတဲ့ ကျေးရွာမှာ မေလ  ၂၄ ရက် မနက်ပိုင်းက ရပ်ရွာအစည်းအဝေးကျင်းပစဉ် ရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဘီအာမက် ဆိုသူ အပစ်ခံခဲ့ရတာလို့  မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီမှ ဦးခင်မောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်ကို မနေ့က အဲဒီရွာကလူတွေ ဖုန်းနဲ့ လှမ်းပြီး အကြောင်းကြားတယ်။ မနက် ၉ နာရီ လောက်မှာ သူတို့ရွာမှာ အစည်းအဝေး လုပ်နေတုန်း ဦးဘီအာမက်လည်း လာနားထောင်တယ်။ အဲဒီမှာ လူ ၂ ယောက်က ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်တဲ့။ ပွဲချင်းပြီး သေတယ်ပြောတယ်။ သူက အရင်ရွေးကောက်ပွဲမဖြစ်ခင်က အုပ်ချုပ်ရေးမှူးဟောင်းပေါ့၊ အခုက လာနားထောင်တာ၊ သေနတ်သမားတွေက အခု အဲဒီရွာက အုပ်ချုပ်ရေးမှူးအသစ် ဦးထွန်းထွန်းဝင်းကိုလည်း ခြိမ်းခြောက်တယ်လို့ ပြောတယ်။ ဦးဘီအာမက်ကလည်း ဘင်္ဂါလီ လူမျိုးဘဲ၊ ဆိုင်ကယ်နဲ့ ပစ်သွားတာလဲ ဘင်္ဂလီဘဲတဲ့။ ဘာကြောင့် ပစ်သလဲဆိုတာတော့ ကျနော်တို့လည်း စုံစမ်းနေတုန်းပါ။” ဖားဝပ်ချောင်းရွာဟာ နယ်ခြားစောင့်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့အတွက် နယ်ခြားစောင့်တပ်ကလည်း စုံစမ်းစစ်ဆေးလိမ့်မယ်လို့ သူက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024