A d v e r t i s e m e n t With Us

ယူရို ၂၀၁၆ အတွက် ရဲအင်အား ၆၀၀၀၀ ပြင်သစ်ချမည်

ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် ယူရို ၂၀၁၆ မှာ ဖြစ်လာနိုင်ချေရှိတဲ့ အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ ရဲအင်အား ၆၀၀၀၀ ကျော် ချသွားမယ်လို့ ပြင်သစ်က မေ ၂၅ ရက်မှာ ကြေညာပါတယ်။ စတိတ်ဒီဖရန့်ကွင်းမှာ ကျင်းပတဲ့ ပြင်သစ်ဖလား နောက်ဆုံးပွဲမှာ ကွင်းအတွင်း မီးခိုးဗုံးတွေ ဖောက်ခွဲပြီး လူစုတွေ အုတ်အော်သောင်းနင်း ဖြစ်သွားတဲ့နောက် ပြည်ထဲရေးဝန်ကြီးက အခုလို မှတ်ချက်ပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့ အားလုံးကို လုပ်ဆောင်နေသလို ရဲတပ်ဖွဲ့ဝင် ၆ သောင်းကျော် တာဝန်ယူသွားမယ်လို့ ၀န်ကြီးက ပြောပါတယ်။ စတိတ်ဒီဖရန့်ကွင်းမှာ ယူရိုဖွင့်ပွဲနဲ့ ပိတ်ပွဲ ကျင်းပသွားမှာဖြစ်သလို နိုဝင်ဘာလက ဒီကွင်းကို အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့က ပစ်မှတ်ထားခဲ့ပါတယ်။ ကွင်းအတွင်း လုံခြုံရေးအတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသလို မြို့ကြီး ၁၀ မြို့က လူ ၇ သန်းနီးပါး လာရောက်မယ့် ပရိသတ်ဇုန် လုံခြုံရေးကတော့ သီးသန့်လုံခြုံရေးအဖွဲ့တွေက တာဝန်ယူထားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up