တမူးမြို့နယ်ရှိ နန်းသလက်တံတား ပစ်ခတ်ဖျက်ဆီးခံရ




11.1K
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်နဲ့ ၁၉ မိုင်ခန့် အကွာဝေးတွင်ရှိတဲ့ မင်းသာရွာ နန်းသလက်တံတားကို မေလ ၂၅ ရက်နေ့ မနက်ပိုင်းက လက်နက်ငယ်တချို့နဲ့ ပစ်ခတ်ဖျက်ဆီးခံခဲ့ရပါတယ်။ နန်းသလက်တံတား ပစ်ခတ်ဖျက်ဆီးခံရတဲ့အတွက် တံတားအောက်ခြေ အနည်းငယ် ပျက်စီးခဲ့ပါတယ်။
တမူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးတင့်ဝေက “ဘယ်အဖွဲ့က ပစ်တယ်လို့တော့ အတည်ပြုမရဖြစ်နေတယ်။ ကိုက် ၂၀၀ အကွာလောက်ကနေ ပစ်သွားတာပါ”လို့ ပြောပါတယ်။
ဒေသခံတဦးကလည်း ဒီနေ့ မနက် ၆ နာရီက ဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ တံတားအနားမှာ ကျည်ခွံတွေ ကျန်ခဲ့ကာ တံတားသံဘောင်တွေ နည်းနည်းထိသွားကြောင်း ပြောပါတယ်။
အဆိုပါ နန်းသလက်တံတားဟာ ၂၀၁၂ နှစ်ကလည်း အမည်မသိအဖွဲ့က မိုင်းခွဲ ဖျက်ဆီးတာကို ခံခဲ့ရဖူးတယ်လို့ သိရပါတယ်။
(သတင်း - မင်းရဲစစ်နိုင်၊ ဓာတ်ပုံ - တမူးမြို့သတင်း)