Home
မြန်မာသတင်း
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးတို့ တွေ့ဆုံမည်
DVB
·
May 26, 2016
မြေလတ်ဒေသ ဗကသနဲ့ တကသ ကျောင်းသားတွေစုပေါင်းပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နကသ) နဲ့ ပညာရေးဝန်ကြီးတို့ တွေ့ဆုံဖို့ရှိတယ်လို့ နကသ အဖွဲ့က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အစိုးရသစ်ရဲ့ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ ဖိတ်ခေါ်ချက်အရ လာမယ့် ၂၉ ရက်နေ့မှာ တွေ့ဆုံမှာပါ။ ဒီတွေ့ဆုံမှုမှာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နကသက ပညာရေးဥပဒေ ရှေ့ဆက်သွားရာမှာ ပါဝင်သွားဖို့ အဆင့်မြင့်ပညာရေး ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂတွေ တရားဝင် မပါလာခင် ကျောင်းတိုင်းမှာ လွတ်လပ်စွာ လှုပ်ရှားခွင့်ရဖို့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်ဆောက်လုပ်ခွင့်ရဖို့အတွက် ထည့်သွင်းဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ ကျောင်းသားအဖွဲ့တခုဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟိုကော်မတီကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024