မူပိုင်ခွင့်ကြောင့် မော်ရင်ဟိုကို မန်ယူနည်းပြခန့်ရန် နှောင့်နှေး

အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြအဖြစ် မော်ရင်ဟိုကို ခန့်အပ်ဖို့ဟာ မူပိုင်ခွင့်ပြဿနာကြောင့် နှောင့်နှေ်းနေပါတယ်။
မန်ယူကထုတ်ပယ်လိုက်တဲ့ ဗန်ဂေါနေရာမှာ အစားထိုးဖို့ မော်ရင်ဟို ကိုယ်စားလှယ်နဲ့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ချဲလ်ဆီးက ကုန်အမှတ်တံဆိပ်အနေနဲ့ မော်ရင်ဟိုနာမည်ကို မူပိုင်ခွင့် ရရှိထားဆဲ ဖြစ်တဲ့အတွက် မန်ယူက ဒီမူပိုင်ခွင့်အတွက် ပေါင်သိန်းနဲ့ချီပေးရမယ့် အနေအထားမှာ ရှိနေပါတယ်။
ချဲလ်ဆီးက မော်ရင်ဟိုရဲ့ နာမည်နဲ့ လက်မှတ်ကို ဥရောပ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ထားတဲ့အတွက် ရောင်းကုန်တွေမှာ မော်ရင်ဟိုနာမည်ကို အသုံးပြု ရောင်းချနိုင်ခွင့်ရှိနေပါတယ်။
မော်ရင်ဟိုရဲ့ နာမည်ကို တဦးတယောက်က အသုံးပြုတိုင်း ချဲလ်ဆီးက ၀င်ငွေရရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ မန်ယူက မော်ရင်ဟိုနာမည်နဲ့ အ၀တ်အစားတွေမှာ အသုံးပြုရင် ချဲလ်ဆီးပိုင်တဲ့ မူပိုင်ခွင့်ကို ချိုးဖောက်ရာရောက်နေမှာ ဖြစ်ပါတယ်။
ဒီအတားအဆီးဟာ သဘောတူညီချက်ကို အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘဲ ဒီသတင်းပတ်အတွင်းမှာ ခန့်အပ်နိုင်မယ်လို့ နိုင်ငံတကာ သတင်းတွေမှာက ဖော်ပြပါတယ်။
ဆွေးနွေးမှုက တတိယရက်ကို ရောက်ရှိသွားခဲ့သလို အသက် ၅၃ နှစ်မော်ရင်ဟိုကို ခေါ်ယူရေးဟာ အတော်များများ ပြီးဆုံးနေပြီဖြစ်ပါတယ်။
မေ ၂၅ ရက်ကလည်း လန်ဒန်က အိမ်ရှေ့မှာစောင့်နေတဲ့ သတင်းထောက်တွေကို မော်ရင်ဟိုက ပေါ်တူဂီသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။