A d v e r t i s e m e n t With Us

ကမ္ဘာ့စံချိန်ချိုးသည့် ရေလွှာလျှောစီးချန်ပီယံ ခြောက်လအရွယ် သမီးငယ် (ရုပ်သံ)

ဇီလာရှိန်ဒွန့်ရှ်ဟာ ၆ လအရွယ်ကလေးငယ်တဦးဖြစ်ပြီး လမ်းတောင်မလျှောက် နိုင်သေးတဲ့ အရွယ်ပါ။ ဒါပေမယ့် သူ့မှာ ရေထဲမှာ စွမ်းရည်ပြသနိုင်တဲ့ ပါရမီရှိသူဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ နေထိုင်တဲ့ ဇီလာဟာ ခုချိန်မှာတော့ ကမ္ဘာ့အသက်အငယ်ဆုံး ရေလွှာလျှောစီးသမားတဦးအဖြစ် စံချိန်ချိုးနိုင်ခဲ့ပါပြီ။ ဇီလာဟာ ကန်တခုထဲမှာ တခြားအရွယ်ရောက်ပြီး သူတွေနဲ့အတူ အံ့မခန်း လျှောစီးပြနိုင်ခဲ့တာပါ။ လမ်းတောင်မလျှောက်နိုင်သေးတဲ့ အရပ်အမြင့်လက်မ ၃၀ သာရှိတဲ့ ဇီလာဟာ ရေလွှာလျှောစီး ဘုတ်ပြားအသေးပေါ်မှာ လက်ကိုင်တန်းကို ခိုင်ခိုင်မြဲမြဲကိုင်ပြီး အံ့မခန်း စွမ်းရည်ပြသနိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုထဲမှာ တွေ့ရမှာပါ။ သူ့ရဲ့ မိဘတွေဟာ ကျွမ်းကျင်ရေလွှာလျှောစီးပညာရှင်တွေဖြစ်ကြတာဟာ ဇီလာ့အတွက် ကောင်းတဲ့ အကျိုးကျေးဇူးတခုအဖြစ် ထောက်ပံ့ပေးနိုင်ခဲ့တာလို့ စကိုင်း နယူးစ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဖခင်ဖြစ်သူ ကီဗင်က သမီးငယ်ဇီလာအနေနဲ့ ရေလွှာလျှောစီးချိန်မှာ လှေက ကန်ရဲ့အဆုံးထိ မရောက်ခဲ့ရင်တောင် သူ့ကိုယ်သူ ဟန်ချက်ညီညီနဲ့ ထိန်းနိုင်တယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။ ဇီလာ့အရင်က ကမ္ဘာ့စံချိန်ချိုးခဲ့တာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်း အသက် ၆ လနဲ့ ၂၉ ရက်ရှိတဲ့ ပါ့ခ်စ်ဘွန်နီဖေးအမည်ရတဲ့ ကလေးငယ်ဖြစ်ပါတယ်။ ဇီလာကတော့ အသက် ၆ လနဲ့ ၂၇ ရက်သာရှိသေးပြီး ကိုယ်တိုင်စီမံမှုနဲ့အတူ ဒီစံချိန်ကို ချိုးနိုင်ခဲ့ပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up