A d v e r t i s e m e n t With Us

လစ်ဗျားကမ်းလွန်တွင် ဒုက္ခသည်စက်လှေ ဘယ်လိုနစ်မြုပ်ခဲ့သလဲ

မေလ ၂၅ ရက်နေ့က လစ်ဗျားကမ်းလွန်မှာ ဒုက္ခသည်စက်လှေတစီး တိမ်းမှောက်နစ်မြုပ်ခဲ့ပုံတွေကို အီတလီကမ်းခြေစောင့်တပ်က ဓာတ်ပုံတွေ ရိုက်ကူး ရယူနိုင်ခဲ့ပါတယ်။ ဒုက္ခသည် အယောက် ၅၀၀ လောက် ကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၇ လောင်း ဆယ်ယူရရှိခဲ့တယ်လို့ အီတလီရေတပ်က ပြောပါတယ်။ ဒုက္ခသည် အဆမတန် တင်ဆောင်လာခဲ့ပြီး လှေတခြမ်းစောင်းသွားတဲ့အချိန်မှာ ဒုက္ခသည်တွေ ရေထဲခုန်ချခဲ့ကြပါတယ်။ ရေမကူးခတ်နိုင်သူတွေကို ရဟတ်ယာဉ်ကနေ ကြိုးချပြီး ကယ်ဆယ်နေတာလည်း တွေ့ရပါတယ်။ ဒုက္ခသည်စက်လှေ မဟန်တော့တာကို အီတလီ ကမ်းခြေစောင့်တပ် ကင်းလှည့်ရေယာဉ်တစီးက သတိထား တွေ့ရှိခဲ့ပြီး အနားကပ်သွားချိန်မှာပဲ တိမ်းမှောက်သွားတာလို့ အီတလီရေတပ် ကြေညာချက်က ဆိုပါတယ်။ ကင်းလှည့်ရေယာဉ်ပေါ်က အသက်ကယ်အင်္ကျီတွေ၊ အသက်ကယ်လှေတွေ ချပေးခဲ့ပြီး နောက်ရောက်လာတဲ့ အီတလီ ရေတပ်သင်္ဘောကလည်း ရဟတ်ယာဉ်တွေ၊ ကယ်ဆယ်ရေးစက်လှေတွေနဲ့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up