A d v e r t i s e m e n t With Us

တန်းဆင်းသွားသော်လည်း နယူးကာဆယ် နည်းပြကို သက်တမ်းတိုး

ဓာတ်ပုံ - ရိုက်တာ
ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရတဲ့ နယူးကာဆယ်အသင်းက လက်ရှိနည်းပြ ရာဖယ် ဘင်နီတတ်ဇ်ကို ၃ နှစ်စာချုပ် သက်တမ်းတိုးလိုက်ပါတယ်။ နယူးကာဆယ်အသင်း တန်းဆင်းသွားတဲ့အတွက် နည်းပြ ဘင်နီတတ်ဇ် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီးမှာ စာချုပ်သက်တမ်း တိုးနိုင်တာ ဖြစ်ပါတယ်။ အသင်း တာဝန်ရှိသူတွေကတော့ နယူးကာဆယ်ကို ပရီးမီးယားလိဂ်မှာ ပြန်ကစားနိုင်ဖို့ နည်းပြကို စာချုပ်သက်တမ်းတိုးတာလို့ ပြောပါတယ်။ အသင်းက သူ့ကို  တန်းမဆင်းရအောင် ပြီးခဲ့တဲ့ မတ်လထဲမှာ ခန့်အပ်ခဲ့ပေမယ့် ရာသီကုန်မှာ အဆင့် ၁၈ နေရာသာ ရရှိခဲ့ပြီး တန်းဆင်းသွားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up