မြောက်ကိုရီးယား အရာရှိများနှင့် အမေရိကန် အရာရှိဟောင်းများ ဆွီဒင်တွင် တွေ့မည်
မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ အမေရိကန် အငြိမ်းစားအရာရှိတွေဟာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ လာမယ့် မေလ ၂၉ ရက်နေ့ကျရင် တွေ့ဆုံကြမယ်လို့ ၀ါရှင်တန်မှလာတဲ့ တောင်ကိုရီးယား ယွန်ဟတ်သတင်းက မေလ ၂၅ ရက်နေ့က ဖော်ပြပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမေရိကန်ပြည်ထောင်စုရေးရာဌာန ဒါရိုက်တာ Hang Song Ryol နဲ့ သူ့လက်ထောက် Choi Sun Hee တို့ဟာ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသန အင်စတီကျုမှာ ကျင်းပမယ့် ဆီမီနာကို တက်ရောက်ကြဖွယ်ရှိတယ်လို့ သတင်းက ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန အငြိမ်းစားအရာရှိတွေဖြစ်ကြတဲ့ Thomas Pickering နဲ့ Evans Revere တို့ဟာလည်း အဆိုပါ ဆီမီနာပွဲကို တက်ရောက်ကြလိမ့်မယ်လို့ ဆိုပါတယ်။