A d v e r t i s e m e n t With Us

မီးပွိုင့်ပေါ်ကနေ ခုန်ချသည့် လူကို ကယ်တင်ရန် ကြိုးစား (ရုပ်သံ)

မေ ၂၄ ရက်က တရုတ်နိုင်ငံ ဟူနန်ခရိုင် ချန်ဆာမြို့က မီးပွိုင့်တခုပေါ်ကို အပေါ်ပိုင်း ဗလာကျင်းနေတဲ့ လူတဦးက တက်ရောက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဆင်းဖို့ လာရောက် ပြောဆိုရာမှာတော့ သူကပြန်လည် ဆင်းလာခဲ့ပါတယ်။ ဒါပေမယ့် ဒီလူက ပြန်လာခဲ့ပြီး မီးပွိုင့်ပေါ်ကို နောက်တကြိမ်တက်ရောက်ခဲ့ပါတယ်။ တဖက်တံတားပေါ်က လမ်းသွားလမ်းလာတွေက ဆင်းသက်ဖို့ အတွက် အကူအညီပေးဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လမ်းသွားလမ်းလာတွေက ၃ မီတာရှည်တဲ့ ပလတ်စတစ်ပိုက်နဲ့ မီးပွိုင့်ပေါ် တက်ရောက်နေတဲ့ လူဆီကို ပေးပို့ပြီး ကူညီဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒီအချိန် မီးပွိုင့်အောက်မှာ လေကူရှင်ကို ဆင်ထားခဲ့ပါတယ်။ လမ်းသွားလမ်းလာတွေက ပလတ်စတစ်ပိုက်နဲ့ မီးပွိုင့်ပေါ်က လူကို ရိုက်ချပြီး ကူရှင်ပေါ်ကျအောင် လုပ်ဆောင်ခဲ့ပါတယ်။ စိတ်ဆိုးလာတဲ့ မီးပွိုင့်ပေါ်ကလူက လမ်းသွားလမ်းလာတွေရှိတဲ့ တံတားဘက်ကို ခုန်ကူးခဲ့ရာမှာ ကူရှင်ပေါ်ကိုမကျဘဲ မြေကြီးပေါ် ပြုတ်ကျခဲ့ပါတယ်။ ဒီနောက် ဒီလူကို ဆေးရုံကို တင်ပို့ခဲ့ရာမှာ ဆရာဝန်က အရေးပေါ် အခြေအနေဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီလူဟာ ဘယ်သူလဲဆိုတာ မသိရသေးသလို လက်ရှိမှာတော့ ပလတ်စတစ်ပိုက်နဲ့ မီးပွိုင့်ပေါ်က လူကို အငြင်းပွားဖွယ်ရိုက်ချတဲ့ လမ်းသွားလမ်းလာတွေကိုတော့ ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up