A d v e r t i s e m e n t With Us

ဒေါ်နယ်ထရန့် မဲဆွယ်စည်းရုံးပွဲ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ် (ရုပ်သံ)

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုမှာ မဲဆွယ်စည်းရုံးနေတဲ့ ဒေါ်နယ်ထရန့်ပွဲကို ဆန္ဒပြသူတွေက မီးရှို့ တံခါးကို ဖျက်ဆီးပြီး ကျောက်တုံးတွေနဲ့ ထုနှက်ခဲ့လို့ ရဲတပ်ဖွဲ့တွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ မေ ၂၄ ရက်ညက အယ်ဘူကာကီ အစည်းအဝေးခန်းမ အပြင်ဘက်မှာ ထရန့်ကို ဆန့်ကျင် ဆန္ဒပြတဲ့သူတွေနဲ့ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို လူစုကွဲသွားအောင် ဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြတဲ့သူတွေ လူစုကွဲသွားစေဖို့အတွက် ရဲတပ်ဖွဲ့က ငရုတ်ကောင်း မှုတ်ဆေးတွေကို အသုံးပြု လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ကို ဆဲဆို ကြိမ်းမောင်းတဲ့ ကြွေးကြော်သံတွေကို ဆန္ဒပြသူတွေက ကျယ်ကျယ်လောင်လောင် သီဆိုခဲ့ပါတယ်။ ခန်းမထဲ ဒေါ်နယ်ထရန့် စကားပြောနေစဉ်မှာလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြနေတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုဖြစ်ပွားတဲ့နေရာကနေ မကြာခင်မှာပဲ ဒေါ်နယ်ထရန့်က ထွက်ခွာသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လက ချီကာဂိုမှာလည်း ဒေါ်နယ်ထရန့်ကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ အကြားဆန္ဒပြမှု တွေ ဖြစ်ပွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up