ဧ၀ရတ်တောင်ထိပ်တွင် မြန်မာအလံစိုက်ထူခဲ့သူ ၂ ဦး ရန်ကုန်ရောက်ရှိ
အောင်သူ
·
May 25, 2016
ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကိုတက်ပြီး မြန်မာနိုင်ငံအလံကို စိုက်ထူကာပြန်လာတဲ့ မြန်မာနိုင်ငံခြေလျင်နဲ့ တောင်တက်အဖွဲ့ချုပ်က အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်၊ ကိုဝင်းကိုကိုနဲ့ ကိုညီညီအောင် (တောင်ခြေမှာ စောင့်နေသူ) တို့ကို ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မိသားစုဝင်တွေ ထူးကုမ္ပဏီကဝန်ထမ်းတွေ ကြည်းရေလေက အရာရှိစစ်သည် ၁၅၅ ယောက်နဲ့ပြည်သူတချို့က ကြိုဆိုခဲ့ကြပါတယ်။
မေလ ၂၇ ရက်နေ့ ၁ နာရီမှာ ကန်တော်ကြီးပဲလေ့စ်ဟော်တယ်မှာ အဲဒီခရီးစဉ်နဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိပါတယ်။