အာဆီယံအတွင်းရေးမှူးရုံး အကြီးတန်းအရာရှိနေရာများ လစ်လပ်သဖြင့် လျှောက်ထားနိုင်
DVB
·
May 25, 2016
အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ အလုပ်လုပ်ရန် အကြီးတန်းအရာရှိများ ခေါ်ယူနေတဲ့အတွက် စိတ်ဝင်စားသူ မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အခြေစိုက်တဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ လိုအပ်လျက်ရှိ သည့် အကြီးတန်းအရာရှိများအတွက် လျှောက်လွှာခေါ်ယူမှုများကို စတင်ပြုလုပ်လျက်ရှိပါသဖြင့် မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကြပါတယ်ဆိုပြီး အတွင်းရေးမှူးချုပ်ရုံးရဲ့ ကြေညာချက်ကို ပူးတွဲ ဖော်ပြထားပါတယ်။
အလုပ်လျှောက်လွှာတွေကို ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး အတွင်းရေးမှူးချုပ်ရုံးကို ပေးပို့ရမှာ ဖြစ်ပါတယ်။