A d v e r t i s e m e n t With Us

ဘတ် ၅၀၀ တန် အတုပေးသည့် စုံတွဲကို ထိုင်းရဲများ လိုက်လံရှာဖွေ

ဘတ် ၅၀၀ တန်အတုနှင့် အစစ်ကို နှိုင်းယှဉ်ပြသနေသည့် ဆိုင်ရှင်အမျိုးသမီး(၀ဲ)။ (ဓာတ်ပုံ - Supapong Chaolan)
မေ ၂၄ ရက်က ထိုင်းနိုင်ငံ ဖန်ဖင်းရှိ ဆိုင်တခုမှာ ဘတ် ၅၀၀ တန်အတုကို ပေးပြီး ပစ္စည်းဝယ်ယူသွားတဲ့ စုံတွဲကို ထိုင်းရဲတွေက လိုက်ရှာနေပါတယ်။ သာဆာတွန်ရပ်ကွက်က ဆိုင်ကို မနက်ပိုင်းမှာ ဟွန်ဒါကား အနက်ရောင် မောင်းနှင်လာတဲ့ စုံတွဲက ပစ္စည်းတွေ လာဝယ်ရာမှာ ပေးသွားတာလို့ အသက် ၅၃ နှစ်အရွယ်ရှိ ဆိုင်ရှင် ဘန်ဂျာပွန် ဂျင်းဒါရောင်းကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။ ကားထဲကနေ ကြည့်ကောင်းရှုပျော်ရှိတဲ့ အမျိုးသမီးက ဆီ ၇ လီတာကို ဘတ် ၂၁၀ နဲ့ ၀ယ်ယူခဲ့တာဖြစ်ပြီး ပြန်အမ်းငွေယူပြီး ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။ ဒီနောက် ဆိုင်ပိုင်ရှင်က ၅၀၀ တန်ကို စစ်ဆေးခဲ့ရာမှာ ရေစာမပါတဲ့အတွက် အတုဖြစ်တယ်ဆိုတာ သိရှိခဲ့တာလို့ သတင်းက ဆိုပါတယ်။ အနီးနားကဆိုင်မှာလည်း ဒီစုံတွဲက ဟင်းရွက်ဆီကို ၀ယ်ယူခဲ့သလို ဘတ် ၅၀၀ တန် အတုကို ပေးခဲ့တယ်လို့ ဆိုပါတယ်။ တခြားနေရာတွေမှာလည်း ဘတ် ၅၀၀ တန်အတုကို ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို လက်ခံရရှိခဲ့သလို စုံတွဲကို ရှာဖွေဖို့ ခရိုင်ထဲမှာရှိတဲ့ ရဲစခန်းတွေကို အကြောင်းကြားထားတယ်လို့ ဆူရတ်ဌာနီ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up