ဝေလငါးတကောင်ကို ၀ိုင်းဆွဲနေသည့် ငါးမန်းများ (ရုပ်သံ)
သြစတြေးလျနိုင်ငံ အနောက်ပိုင်း ငါးမန်း ပင်လယ်အော်မှာ ဝေလငါးသေတကောင်ကို ငါးမန်းအုပ်စုက ၀ိုင်းဆွဲနေတာကို မောင်းသူမဲ့လေယာဉ်ပေါ်ကနေ ရိုက်ကူးထားပါတယ်။
မေ ၂၀ ရက်မှာ ငါးမန်းအကောင် ၇၀ လောက်က ဝေလငါးသေတကောင်ကို ၀ိုင်းဆွဲနေကြတာကို ဒီကျွန်းကို အလည်သွားတဲ့ ခရီးသွားတွေက မော်တော်ပေါ်ကနေတဆင့် မျက်မြင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို မောင်းသူမဲ့လေယာဉ်ပေါ်ကနေ တဆင့် မှတ်တမ်းတင်နိုင်ခဲ့ပြီး ခရီးသွား ကုမ္ပဏီက ဖေ့ဘွတ်ခ်စာမျက်နှာပေါ် တင်ခဲ့တာဖြစ်ပြီး ဒီရုပ်သံကို ကြည့်ရှုတဲ့သူပေါင်း သန်းချီရှိခဲ့တာ ဖြစ်ပါတယ်။
ငါးမန်းပင်လယ်အော်ဟာ ကမ္ဘာ့အမွေအနှစ် နေရာတခုဖြစ်သလို ဟက်တာ ဧက ၂ သန်းကျော်ရှိပြီး ပင်လယ်သမုဒ္ဒရာဆိုင်ရာ သဘာဝ အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့နေရာ တခုလည်း ဖြစ်ပါတယ်။