ဒေါ့မွန်နောက်ခံလူ ဟမ်းမဲလ်စ် ဘိုင်ယန်မြူးနစ်သို့ ပြောင်း

ဓာတ်ပုံ - ရိုက်တာ
ဒေါ့မွန်နောက်ခံလူ အသက် ၂၇ နှစ်အရွယ် ဟမ်းမဲလ်စ် (Hummels) ဟာ အသင်းဟောင်း ဘိုင်ယန်မြူးနစ်ကို ၅ နှစ်စာချုပ်နဲ့ တရားဝင်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ သူ့ကို ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ကို အငှားချခဲ့ပြီး ၂၀၀၉ မှာ ပေါင် ၄ သန်းနဲ့ ရောင်းခဲ့တာပါ။ ဟမ်းမဲလ်စ်ဟာ ၂၀၀၉ ကနေ ၂၀၁၆ အထိ ဒေါ့မွန်အတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားပေးခဲ့ပြီး ၁၉ ဂိုးသွင်းပေးထားတဲ့ နောက်ခံအလယ်လူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၀ မှာ ဂျာမနီလက်ရွေးစင်ဖြစ်လာခဲ့ပြီး နိုင်ငံအတွက် ပွဲပေါင်း ၄၀ ကျော်ကစား ၄ ဂိုး သွင်းပေးထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဘိုင်ယန်ကို ပြောင်းရွှေ့ကြေးကိုတော့ နှစ်ဘက်လုံးက ထုတ်ပြောတာ မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up