အင်ဒိုနီးရှားမီးတောင် ပေါက်ကွဲမှု ရွာအတော်များများ ပြာဖုံး
အင်ဒိုနီးရှားနိုင်ငံ ဆုမားတြားကျွန်းပေါ်က ဆင်နာဘန်မီးတောင် ပေါက်ကွဲခဲ့တဲ့အတွက် မီးတောင်အနီးတ၀ိုက်က ရွာအတော်များများ မီးတောင်ပြာတွေ ဖုံးအုပ်ကုန်ပါတယ်။
မေ ၂၂ ရက်က ပြာပူတွေနဲ့ ဓာတ်ငွေ့တွေ ထွက်လာတာကြောင့် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။
ရှာဖွေရေးသမားတွေကတော့ ကျန်ရစ်သူတွေကို ဆက်လက်ရှာဖွေနေပါတယ်။
ပြာတွေက ၁၂ ကီလိုမီတာအကွာရှိတဲ့ မြို့တွေအထိ ရောက်တယ်လို့ ဒေသခံ စစ်တပ်အရာရှိကို ကိုးကားပြီး အေအက်ဖ်ပီသတင်းက ရေးပါတယ်။
ပေါက်ကွဲမှုတွေ ထပ်မဖြစ်ပေမယ့်လည်း ဒေသခံတွေကိုတော့ ပေ ၈၀၇၀ မြင့်တဲ့ ဒီမီးတောင်နဲ့ ဝေးဝေးနေဖို့ သတိပေးထားပါတယ်။
ဆင်နာဘန်မီးတောင်ဟာ မလှုပ်မရှားဖြစ်ခဲ့တာ နှစ်ပေါင်း ၄၀၀ ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်မှသာ ပြန်လှုပ်ရှားလာတာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်ကလည်း မီးတောင်လှုပ်ရှားတဲ့အတွက် လူ တဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။