DVB Logo
Home
မြန်မာသတင်း
ချင်းနိုင်ငံရေးပါတီ ၃ ခု ပူးပေါင်းရန်သဘောတူ
DVB
·
May 24, 2016
ချင်းနိုင်ငံရေးပါတီ ၃ ခု ပူးပေါင်းရန်သဘောတူ
Donate to DVB

ချင်းနိုင်ငံရေးပါတီတွေ ဖြစ်ကြတဲ့ ချင်းတိုးတက်ရေးပါတီ(စီပီပီ)၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (စီအန်ဒီပီ)နဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (စီအယ်လ်ဒီပီ)တို့ဟာ တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖို့ သဘောတူလိုက်ကြပါတယ်။

ချင်းပါတီအချင်းချင်း ပူးပေါင်းဖို့အတွက် သက်ဆိုင်ရာပါတီခေါင်းဆောင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းက ကြိုးစားလာပြီး ပြီးခဲ့တဲ့ စနေနေ့က သဘောတူချက်ရခဲ့တယ်လို့  ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းဒေးဗစ်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ပါတီတွေ ပူးပေါင်းဖို့က ၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းက ကြိုးစားလာခဲ့တာ၊ ပါတီတာဝန်ရှိသူတွေက မေလ ၅ ရက်နေ့က တကြိမ် ၊ မေလ ၂၁ ရက်နေ့က တကြိမ် ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ ၂၁ ရက်နေ့ကတော့ ချင်းပါတီ ၃ ခု ပူးပေါင်းဖို့ သဘောတူချက်ရခဲ့ပါတယ်။ ဘယ်လိုပေါင်းမလဲ၊ ဘာတွေလုပ်ဖို့ ရှိသလဲ အဲဒါတွေ အသေးစိပ်ကိုတော့ အခု ပြောလို့ မရသေးပါဘူး။ ဒီလ ၂၈ ရက်နေ့ကျရင်တော့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ရန်ကုန်မှာဘဲ လုပ်မှာပါ၊ အဲဒီတော့မှ ဖြေကြားနိုင်မှာပါ။”

ပူးပေါင်းဖို့ သဘောတူလိုက်တဲ့ ချင်း ၃ ပါတီမှာ ပူးဇိုဇမ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (Chin National Democratic Party)၊ ပူးငိုင်ဇော့ခ် ဥက္ကဋ္ဌ ဖြစ်တဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်(Chin League for Democracy Party) ပူးနိုထန်ကပ် ဦးဆောင်တဲ့ ချင်းတိုးတက်ရေးပါတီတို့  ပါဝင်ကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကတော့  ချင်းပါတီ ၂ ခုဖြစ်တဲ့ ချင်းတိုးတက်ရေးပါတီနဲ့  ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီတို့ဟာ   တစ်ပါတီတည်းအဖြစ် ပေါင်းစည်းဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ချင်းပြည်နယ်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်မှာတော့  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်နေရာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ချင်းနိုင်ငံရေးပါတီ ၃ ခု ပူးပေါင်းရန်သဘောတူ