A d v e r t i s e m e n t With Us

မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်း တင်သွင်း

မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို တပ်မတော်သား ကိုယ်စားလှယ်က ဒီနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ မေလ ၂၄ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီဝင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်ခင်မောင်အေးက တင်သွင်းခဲ့တာပါ။ ဒီဥပဒေကို အရင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၈/၂၀၀၁ နဲ့ ၂၀၀၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းမှာ စည်ပင်ယာရေးနဲ့ပတ်သက်လို့ ပါရှိပြီး ဒီဥပဒေပြုစာရင်းနဲ့အညီ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်က မန္တလေးမြို့တော်စည်ပင် သာယာရေးဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြဌာန်းခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ခင်မောင်အေးက ဆိုပါတယ်။ ဒါကြောင့် အရင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က ပြဌာန်းခဲ့တဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းဖို့လိုအပ်တဲ့အတွက် ဒီဥပဒေကြမ်းကို အဆိုအဖြစ်တင်သွင်းရတာဖြစ်တယ် လို့ ဆိုပါတယ်။ ဒီရုပ်သိမ်းတဲ့ ဥပဒေကြမ်းလက်ခံဆွေးနွေးဖို့ အဆိုတင်သွင်းတာကို ကိုယ်စား လှယ်တစ်ဦးက ထောက်ခံခဲ့ပါတယ်။ လက်ခံဆွေးနွေးဖို့ သဘောမတူတဲ့ သူမ ရှိတဲ့အတွက် လွှတ်တော်က လက်ခံဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ဥပဒေကြမ်းကော်မတီကို လွှဲအပ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up