ဆီးရီးယားတွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားပြီး လူ ၁၀၀ ကျော် သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဆီးရီးယားနိုင်ငံ အနောက်ပိုင်းက အစိုးရအမာခံဆိပ်ကမ်းမြို့ ၂ မြို့မှာ မေ ၂၃ ရက်နေ့က ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူအယောက် ၁၀၀ ကျော် သေဆုံးတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပါတယ်။ တာတော့စ်မြို့နဲ့ ဂျပလာဆိပ်ကမ်းမြို့တွေက လူစည်ကားတဲ့ ဘတ်စ်ကားဂိတ်တွေနဲ့ ဆေးရုံတွေပါ ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်ခံရပြီး တချို့ဟာ အသေခံဗုံးခွဲမှုတွေဖြစ်တယ်လို့ အစိုးရရုပ်သံဌာနက ဆိုပါတယ်။ ဆီးရီးယားအစိုးရအမာခံ ဆိပ်ကမ်းမြို့တွေမှာ အခုလို ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ သိပ်မရှိခဲ့ပါဘူး။ အိုင်အက်စ်အကြမ်းဖက်တွေနဲ့ နီးစပ်တဲ့ သတင်းဌာနတခုကတော့ အိုင်အက်စ်တွေရဲ့ လက်ချက်လို့ ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up