ရဟန်းစာဆို ကိုပညာ(အမရပူရ) ဈာပနအခမ်းအနား (ဓာတ်ပုံ)
DVB
·
May 24, 2016
"တောင်သမန်ဝန်းကျင်မှ သမိုင်းဝင်နေရာများ" စာအုပ်နဲ့ အမျိုးသားစာပေဆုရ ရဟန်းစာဆို ဆရာတော် ဦးပညာဇောတ ကလောင်အမည် ကိုပညာ(အမရပူရ) ရဲ့ ဈာပနအခမ်းအနားကို မေလ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီမှာ ကျင်းပခဲ့ပါတယ်။
ရုပ်ကလာပ် စာပေအဖွဲ့ ရဟန်းအဖွဲ့နဲ့ ဒါယကာအဖွဲ့ တပည့်သားအဖွဲ့တွေက အလှည့်ကျ ပင့်ဆောင်ပြီး မန္တလေးမြို့ တောင်သမန်အင်း လင်းဇင်းကုန်းသုသာန်မှာ မီးသဂြိုလ်ပြီး ဂူသွင်းပူဇော်မှာ ဖြစ်ပါတယ်။
ဆရာတော်ဟာ လူကြီးရောဂါနဲ့ မေလ ၂၁ ရက်နေ့ မနက် ၁၀ နာရီမှာ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။