ယူရို ၂၀၁၆ ယှဉ်ပြိုင်မည့် ယူကရိန်းအသင်း ပရိသတ်များနှင့်နှုတ်ဆက်

ဓာတ်ပုံ - ရိုက်တာ
1.1K
ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ့် ယူကရိန်းလက်ရွေးစင်အသင်းဟာ ပြင်သစ်ကို မထွက်ခွာခင် မြို့တော် ကိယက်မှာ နှုတ်ဆက်တဲ့ အစီအစဉ်တခု ပြုလုပ်ခဲ့ပါတယ်။
သမ္မတ ပိုရိုရှန်ကို အပါအ၀င် ယူကရိန်းအလံကို ဝှေ့ယမ်းနေကြတဲ့ ဘောလုံးပရိသတ် ရာနဲ့ချီပြီး လာရောက် နှုတ်ဆက်ကြပါတယ်။
သမ္မတ ပိုရိုရှန်ကိုကလည်း တဦးချင်းကို လက်ဆွဲနှုတ်ဆက်ရင်း နိုင်ငံကိုယ်စားပြုအသင်း အောင်ပွဲရမယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။
ဘောလုံးအားကစားဟာ ယူကရိန်းနိုင်ငံအတွက် အရေးကြီးသလို မဝေးတော့တဲ့ အနာဂတ်မှာ ဒွန်းညက်ဒေသမှာလည်း ယူကရိန်းအလံကို ဝှေ့ယမ်းရင်းနဲ့ တညီတညွတ်တည်း နိုင်ငံတော်သီချင်းကို သီဆိုနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ယူကရိန်းအသင်းဟာ အုပ်စု စီမှာ ပါဝင်ပြီး ဇွန် ၁၂ ရက်နေ့ အဖွင့်ပွဲစဉ်အဖြစ် ဂျာမနီနဲ့ ယှဉ်ပြိုင်ကစားရဖွယ် ရှိပါတယ်။
အုပ်စု စီ ထဲမှာ မြောက်အိုင်ယာလန်နဲ့ ပိုလန်အသင်းတို့လည်း ပါဝင်နေပါတယ်။