မန္တလေး-ပြင်ဦးလွင် ကားလမ်းတွင် ခရီးသည်တင်ယာဉ် မီးလောင် (ဓာတ်ပုံ)
DVB
·
May 24, 2016
မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင် ၂၀ အနီးမှာ မန္တလေးကနေ မူဆယ်ကို ထွက်ခွာလာတဲ့ စိတ်ကြိုက်ခရီးသည်တင်ကား မေလ ၂၃ ရက် ညနေ ၆ နာရီလောက်က မီးလောင်ကျွမ်းခဲ့ ပါတယ်။
ခရီးသည် ၄၀ လောက်ပါပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိပါဘူးလို့ သိရပါတယ်။
ကားအောက်ကုန်ခန်းထဲမှာ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး ညနေ ၆ နာရီ ၂၀ မှာ မီးသတ်ကားရောက်ရှိ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် မန္တလေး-ပြင်ဦးလွင်ကားလမ်း နာရီဝက်ခန့် ပိတ်ခဲ့ရပါတယ်။