ရုရှားအဆိုပြုချက် အမေရိကန် ပယ်ချ

  ဆီးရီးယားသူပုန်တွေကို လေကြောင်းတိုက်ခိုက်မှု ပူးတွဲလုပ်ဆောင်ဖို့ ရုရှားနိုင်ငံက ကမ်းလှမ်းချက်ကို အမေရိကန်ပြည်ထောင်စုက မေ ၂၀ ရက်နေ့မှာ ပယ်ချပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးကို ထုတ်လွှင့်တဲ့ နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ပြောကြားခဲ့တာဖြစ်ပြီး  အဆိုပြုချက်မှာ လာမယ့် မေလ ၂၅ ရက်နေ့ အစောဆုံးထားပြီး ပူးတွဲတိုက်ခိုက်ဖို့နဲ့ ဆီးရီးယားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပါဝင်ပါတယ်။ ဒီအဆိုပြုချက်ကို ဂျော်ဒန်နဲ့ ဂျနီဗာက စစ်ရေးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးခဲ့ရာမှာ အမေရိကန်က စိတ်မ၀င်စားဖူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ပင်တဂွန်ပြောခွင့်ရ ဗိုလ်ကြီးဂျက်ဖ်ဒေးဗစ်က အမေရိကန်အနေနဲ့ ရုရှားတွေနဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်းနှင့် နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံမှု မရှိဘူးလို့ ပြောပါတယ်။ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်မှုနဲ့ ခရိုင်းမီးယားကို သိမ်းယူမှုကြောင့် အမေရိကန်ပြည်ထောင်စုက စစ်ရေးဆက်ဆံမှုကို ဆိုင်းငံ့ခဲ့ပါတယ်။ ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ရုရှားအကြား စစ်ရေးဆိုင်ရာ ပြောဆိုမှုတွေမှာ တင်းကျပ်ထားကြပေမယ့် အယ်လ်ကိုင်းဒါနဲ့ ချိတ်ဆက်တဲ့ Nusrat Front အဖွဲ့ကိုတော့ နှစ်နိုင်ငံစလုံးက ဆန့်ကျင်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up