လက်ပံတောင်းကြေးနီစီမံကိန်းကို ဆန့်ကျင်လမ်းလျှောက်ဆန္ဒပြသူ ၂ ဦး ဖမ်းဆီးခံရ
DVB
·
May 23, 2016
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မှ လက်ပံတောင်း တောင်သို့ ချီတက်လမ်းလျှောက် ဆန္ဒပြ သူ ၂ ဦးကို စစ်ကိုင်းမြို့တွင်း ရွှေသမားဓမ္မာရုံအနီးမှာ မေလ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်က ရဲများက ဖမ်းဆီးသွားခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ရတဲ့ရည်ရွယ်ချက်က ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအတိုင်း ဆောင်ရွက်ပေးဖို့ ဖြစ်ပြီး ဆန္ဒပြသူ ကိုဖိုးစနေနှင့် ကိုကျော်ဇင်တို့မှာ ရန်ကုန်ကနေ လက်ပံတောင်းတောင်သို့ ချီတက်လာတဲ့လမ်းတလျှောက်က မြို့တွေမှာ ရဲများက တားဆီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရဲစခန်းအတွင်း အထိန်းသိမ်းခံနေရကြောင်းနဲ့ လက်ပံတောင်းတောင်နဲ့ပတ်သက်ပြီး မန္တလေးမှာလည်း သတင်းစာရှင်းလင်းပွဲလုပ်ဖို့လည်း အစီအစဉ်ရှိတယ်လို့ ဖမ်းဆီးထိန်းသိမ်းခံနေရသူ ကိုဖိုးစနေက ပြောကြားပါတယ်။
ဆန္ဒထုတ်ဖော်သူ ၂ ဦးကို စစ်ကိုင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး