A d v e r t i s e m e n t With Us

BRTယာဉ်စီးခများကို မိုဘိုင်းဖုန်းကနေ အလွယ်တကူပေးချေနိုင်တော့မည်

BRTယာဉ်လိုင်းတွေမှာ ဒီလို QR code စနစ်တွေနဲ့ ယာဉ်စီးခတွေကို ကောက်ခံသွားမှာဖြစ်တဲ့ အတွက် ခရီးသွားပြည်သူတွေ အနေနဲ့ မိုဘိုင်းဖုန်းဆင်ဆာတွေကနေတဆင့် ယာဉ်စီးခတွေကို အလွယ်တကူ ပေးချေသွားနိုင်တော့မှာ ဖြစ်ပါတယ်။ BRTယာဉ်လိုင်းတွေက ယာဉ်စီးခကောက်ခံမှု စနစ်တွေမှာ QR code စနစ်တွေကိုပါ ထည့်သွင်း အသုံးပြုသွားတော့မယ်လို့ မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောပါတယ်။ ဒီစနစ်ကို စတင်အသုံးပြုဖို့အတွက် အချိန်အနည်းငယ် ကြန့်ကြာနေဦးမှာဖြစ်ပေမယ့်လဲ ကုမ္ပဏီတခုနဲ့ ချိတ်ဆက်ပြီး စတင်လုပ်ကိုင်နေပြီလို့ သိရပါတယ်။ အဲဒီ့ စနစ်ကို အသုံးပြုလို့ ယာဉ်စီးခပေးခြေသူတွေလည်း ပိုမို လွယ်ကူလာမှာဖြစ်သလို ငွေကောက်ခံသူတွေ အနေနဲ့လည်း ယာဉ်စီးခကို တိတိကျကျရရှိလာမှာဖြစ်ပါတယ်။ (သတင်း - ကျော်ဇေယျ)

A d v e r t i s e m e n t With Us

More News
Up