A d v e r t i s e m e n t With Us

ဂျပန်နိုင်ငံရှိ ATM စက်များက ယန်းငွေ ၁ ဒသမ ၄ ဘီလီယံ အခိုးခံရ

ဓာတ်ပုံ - ရိုက်တာ
ဂျပန်နိုင်ငံတဝှမ်း အေတီအမ်ငွေထုတ်စက်  ၁၄၀၀ ခုဆီမှာ ဂျပန် ယန်းငွေ ၁ ဒသမ ၄ ဘီလီယံ ခိုးထုတ်ယူမှု ဖြစ်ပွားခဲ့တယ်လို့ ဂျပန်ရဲတွေက မေ ၂၂ ရက်နေ့က ထုတ်ဖော်ကြေညာခဲ့ပါတယ်။ တောင်အာဖရိကဘဏ်မှ ခရက်ဒစ်ကတ် အချက်အလက်တွေကို အသုံးပြုထားတဲ့ ကတ်အတုတွေကို အသုံးပြုသွားတယ်လို့ ရဲတွေက သံသယရှိကြပါတယ်။ တောင်အာဖရိက အာဏာပိုင်များကို ဂျပန်ရဲများက ဆက်သွယ်ပြီး ခရက်ဒစ်ကတ် အချက်အလက်တွေ ဘယ်ပုံဘယ်နည်း မသမာသူတွေလက်ထဲ ရောက်ရှိသွားလဲဆိုတာ ဖော်ထုတ်နေကြပါတယ်။ မေ ၁၅ ရက်နေ့ မနက်စောစောပိုင်းက ခရက်ဒစ်ကတ်အတု ကိုင်ဆောင်ထားတဲ့ လူအယောက် ၁၀၀ ကျော်ပါတဲ့အဖွဲ့က ဈေးဝယ်ဆိုင်လေးတွေရှိ အေတီအမ်စက်တွေထဲကို ဝင်ရောက်ကာ ငွေတွေကို အလွယ်တကူ ခိုးထုတ်ယူသွားတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အေတီအမ်တလုံးတွင် အများဆုံး ထုတ်နိုင်မှုငွေသားမှာ ယန်း ၁ သိန်း ဖြစ်ပြီး အကြိမ်ပေါင်း ၁၄၀၀၀ ကြိမ် ထုတ်ယူခဲ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ မူရင်း - ဘန်ကောက်ပို့စ်

A d v e r t i s e m e n t With Us

More News
Up