A d v e r t i s e m e n t With Us

လှောင်အိမ်ထဲ သေကြောင်းကြံသူကို ကယ်တင်ရန် ခြင်္သေ့ ၂ ကောင်အား ပစ်သတ် (ရုပ်သံ)

ချီလီနိုင်ငံ၊ စန်တီယေဂို အမျိုးသားဥယျာဉ်တခုတွင်းက ခြင်္သေ့လှောင်အိမ်တခုထဲကို ၀င်ရောက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တဲ့ အမျိုးသားတဦးကို ကယ်တင်နိုင်ဖို့ တိရစ္ဆာန်ရုံ ၀န်ထမ်းတွေက ခြင်္သေ့ ၂ ကောင်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ရပါတယ်။ မေလ ၂၁ ရက်နေ့က အသက် ၂၀ အရွယ်ရှိ ဖရန်ကိုလူးဝစ်ဖယ်ရာဒါ အမည်ရတဲ့ အမျိုးသားဟာ တိရစ္ဆာန်ဥယျာဉ်တွင်းက ခြင်္သေ့လှောင်အိမ် ခေါင်မိုးပေါ်ကို တက်ခဲ့ပြီး နောက်မှာ ၀စ်လစ်စလစ်နဲ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တာလို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ ခြင်္သေ့တွေက သူ့ကို တိုက်ခိုက်ခဲ့လို့ လည်ပင်းကို မတော်တဆ ထိခိုက်မိခဲ့ချိန်မှာ တိရစ္ဆာန်ရုံ ၀န်ထမ်းတွေက လှောင်အိမ်ကို လှံနဲ့ စွန့်စွန့်စားစား တွန်းဖွင့်ခဲ့ရတာပါ။ အဲဒီနောက်မှာတော့ တိရစ္ဆာန်ရုံ ၀န်ထမ်းတွေဟာ ကြည့်ရှုနေကြတဲ့ ပရိသတ်ရှေ့မှာပဲ အဆိုပါ ခြင်္သေ့ ၂ ကောင်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ကာ ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရပါတယ်။ အဆိုပါအမျိုးသားကိုတော့ နီးစပ်ရာ ဆေးရုံတရုံဆီ ပို့ဆောင်ထားခဲ့ရပြီး ဦးခေါင်းနဲ့ တင်ပဆုံမှာ ထိခိုက်ဒဏ်ရာတွေ ရရှိထားတယ်လို့ ဗြိတိန်အခြေစိုက် Independent သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ခုဖြစ်ရပ်မှာ ခြင်္သေ့ ၂ ကောင်ကို ပစ်သတ်ခဲ့တာနဲ့ ပတ်သက်ပြီး စန်တီယေဂို တိရစ္ဆာန်ဥယျာဉ်ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူတွေက ဒေါသတကြီး ပြောဆိုနေကြပါတယ်။ ဂျွန်စမစ်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက “ဒီပြဿနာကို ခုလိုနည်းလမ်းနဲ့ ဖြေရှင်းတာဟာ မကောင်းဆိုးဝါး တိရစ္ဆာန်ရုံလိုပါပဲ” လို့ မှတ်ချက်ရေးခဲ့တာပါ။ တိရစ္ဆာန်ဥယျာဉ်ထဲမှာ ရှိနေတဲ့ တခြားတိရစ္ဆာန်တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဝေဖန်ပြစ်တင်နေကြတာပါ။ တိရစ္ဆာန်ဥယျာဉ်ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ သူတို့အနေနဲ့ ခုလို သေဆုံးသွားခဲ့ရတဲ့ ခြင်္သေ့ ၂ ကောင်အတွက် နေ့စဉ် ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာတွေနဲ့အတူ ၀မ်းနည်းနာကျင်ရကြောင်း ဖော်ပြထားပြီး သူတို့အနေနဲ့ ပုံမှန်လာရောက်လည်ပတ်ကြသူတွေရဲ့ လုံခြုံရေးကြောင့် ခုလို ဆုံးဖြတ်ခဲ့ကြရတာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up