Home
မြန်မာသတင်း
ဆုကြေးသိန်းတသောင်း အောင်ဘာလေထီ ၈ လအကြာတွင် ရောင်းမည်
DVB
·
May 23, 2016
ကျပ်ငွေသိန်းပေါင်း တသောင်း ဆုကြေးပေးမယ့် ကျပ် ၅၀၀ တန် အောင်ဘာလေထီကို ပြည်တွင်းအခွန်ဦးစီးဌာနအနေနဲ့ ရက် ၁၀၀ ကာလစီမံချက်မှာ စတင်မယ်လို့ ပြည်တွင်း အခွန်ဦးစီးဌာနညွှန်ချုပ် ဦးမင်းထွဋ်က ပြောဆိုပါတယ်။ အောင်ဘာလေထီ ၅ဝဝ ကျပ်တန် တိုးချဲ့ ဆောင်ရွက်မယ့် အစီအစဉ်နဲ့ပတ်သက်လို့ ဦးမင်းထွဋ်က “နိုင်ငံတကာကို လေ့လာကြည့်တဲ့အခါကျတော့ ထီလက်မှတ်တစောင်ကို ၂ဒေါ်လာနီးနီးလောက် ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ထီလက်မှတ်ကို လက်ရှိထုတ်နေတဲ့ နှစ်ရာကျပ်တန် ထီလက်မှတ်အပြင် နောက်ထပ် တစ်စောင် ၅ဝဝ ကျပ်တန် ထီလက်မှတ် ထုတ်လုပ်ဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာလည်း အမြင့်ဆုံးဆုငွေဖြစ်ဖို့ ပထမဆုကို ငွေကျပ် သိန်းတစ်သောင်းပေးမှာဖြစ်ပါတယ်။ ဒုတိယဆုအနေနဲ့ သိန်းငါးထောင်၊ သိန်းတစ်ထောင်၊ သိန်းငါးရာ စသည်ဖြင့် ဆုမဲပေါင်းများစွာနဲ့ ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ အချိန်ကာလအနေနဲ့ကတော့ ကျနော်တို့စတင်ဆောင်ရွက် နေပါပြီ”လို့ ပြောပါတယ်။ “စတင်ပြီးတော့ ရောင်းချနိုင်မယ့်အချိန်ကတော့ နောက်ထပ်ရှစ်လလောက်အကြာမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။ အောင်ဘာလေထီကို ၁၉၃၈ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး ထီ ၁ စောင် ၂ ကျပ် ဖြင့် အမြင့်ဆုံးဆု ၁ သိန်းဆုဖြင့် စတင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ ထီလက်မှတ် ဈေးနှုန်းတွေ တိုးမြှင့်လာခဲ့ရာ ၂၀၀၉ ခုနှစ်မှာ ၂၀၀ ကျပ်တန်ထီကို ထုတ်ဝေခဲ့ပြီး လက်ရှိ ဆုကြေးအမြင့်ဆုံးမှာ သိန်း ၁၅၀၀ ထိ ဖွင့်လှစ်ပေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024