အာဂျင်တီးနား ဘောလုံးပြိုင်ပွဲတခုအတွင်း တွန်းတိုက်လဲကျပြီး ကစားသမားတဦး သေဆုံး (ရုပ်သံ)

အာဂျင်တီးနားမှာ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့ ဘောလုံးပြိုင်ပွဲတခုအတွင်း ဘောလုံးကစားသမား ၂ ဦး တွန်းတိုက်လဲကျခဲ့ပြီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
အန်ထရီရီယိုပြည်နယ်မှာ ဆန်ဂျော့ဒီဗေးလာအသင်းနဲ့ အစဉ်အလာ ပြိုင်ဘက် ဒီဖန်ဆိုရီစ် ဒီ ကိုလုံ အသင်းတို့ ယှဉ်ပြိုင်ကြရင်း မတော်တဆ ဖြစ်ခဲ့တာလို့ ဒေသ သတင်းတွေမှာ ဖော်ပြပါတယ်။
သေဆုံးသွားတဲ့ ဘောလုံးသမားက အသက် ၂၄ နှစ်အရွယ် မစ်ကယ် ဖာဗရီ (Micael Favre) ဖြစ်ပြီး ဆန်ဂျော့ဒီဗေးလာ အသင်းဘက်က ဂါဂွန်နီမို ကွင်တင်နာနဲ့ ရင်ဆိုင်ခဲ့ကြတာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ကွင်တင်နာရဲ့ ဒူးက ဖာဗရီရဲ့ ခေါင်းကို တိုက်မိပြီး နှစ်ယောက်စလုံး မြေပေါ်လုံးထွေး ကျသွားခဲ့ပါတယ်။
ဖာဗရီဟာ လဲကျအပြီး ပြန်ထခဲ့ချိန်မှာ နောက်ထပ်ကစားသမားတဦးဖြစ်တဲ့ ဖေဗီယို လာရိုဆာက တံတောင်နဲ့ တွန်းထိုးခဲ့လို့ နောက်တကြိမ် လဲကျသွားခဲ့တာပါ။
သူဟာ နောက်တကြိမ် လဲကျရာမှာတော့ ပြန်မထနိုင်တော့ပဲ သတိလစ် မေ့မြောသွားခဲ့တာမို့ အရေးပေါ် လူနာတင်ယာဉ်နဲ့ ဒေသတွင်းဆေးရုံတခုဆီကို ပို့ဆောင်ခဲ့ချိန်မှာတော့ ဆေးရုံက ဖာဗရီ သေဆုံးသွားခဲ့ပြီလို့ အတည်ပြုခဲ့ပါတယ်။