A d v e r t i s e m e n t With Us

မြိတ်မြို့တွင် ဖမ်းမိသည့် အကောက်ခွန်မဲ့ ဘီယာပါကင်များ၏ ပိုင်ရှင်အစစ် မဖမ်းမိသေး

မြိတ်မြို့ ကုန်းဖောက်ရပ်ကွက်က ဆိပ်ကမ်းတခုမှာ မေလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ တရားမ၀င် တင်သွင်းလာတဲ့ အကောက်ခွန်မဲ့ ဘီယာပါကင်တွေကို ဖမ်းဆီးလိုက်တဲ့အမှုမှာ ပိုင်ရှင်အစစ်အမှန်ကို မဖမ်းမိသေးဘူးလို့ သိရပါတယ်။ မေလ ၁၈ ရက် မနက် ၂ နာရီကျော်လောက်က မြို့မ ရဲစခန်းမှူး ဒုရဲမှူး ၀င်းဇော်ဦးနဲ့အဖွဲ့က ဖမ်းဆီးထားတဲ့ ဘီယာပါကင် အရေအတွက်နဲ့ ပိုင်ရှင်အစစ်အမှန် ကွဲလွဲနေတယ် ဆိုပြီးလည်း သတင်းတွေ ထွက်နေပါတယ်။ တကယ်တမ်း ဖမ်းဆီးရမိတဲ့ ဘီယာပါကင် အရေအတွက်နဲ့ ဖမ်းဆီးစာရင်း တင်ပြထားတဲ့ ဘီယာပါကင် အရေအတွက်တို့က မကိုက်ညီပဲ စာရင်းလျှော့ပြထား တယ် ဆိုပြီး ဝေဖန်တာတွေလည်း ရှိနေတာပါ။ လှေကြီးပေါ်ကနေ ကုန်းပေါ်ကို လှေငယ်နဲ့ အခေါက်ခေါက်အခါခါ သယ်ယူနေရာမှာ နောက်ဆုံးအခေါက် သယ်ယူနေချိန် ရဲတွေရောက်လာပြီး ဖမ်းသွားတာ လို့ မျက်မြင်တချို့က ပြောပါတယ်။ အဲဒီဘီယာပါကင်တွေကို နာမည်ကြီး ကုန်သည်ကြီးရဲ့ ဂိုထောင်ကို ၂ ခေါက် ပို့ထားပြီးပြီဖြစ်ပြီး ဂိုဒေါင်ပိုင်ရှင်နဲ့ ပစ္စည်းပိုင်ရှင်တွေ ဘယ်သူဘယ်ဝါ ဆိုတာ သိထားပြီးဖြစ်ကြောင်း ဒါပေမယ့် သမ္ဗန်သမားကိုပဲ ပိုင်ရှင်ဆိုပြီး ဖမ်းဆီးထားတာကြောင့် လူစားထိုး အဖမ်းခံရတာဖြစ်ကြောင်းလည်း ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ ဘီယာပါကင် ၅ ထောင်ကို သိမ်းဆည်းသွားတာ ဖြစ်ပြီး မြို့နယ်ရဲစခန်းဝင်းထဲရောက်တော့ ပါကင် ၃ ထောင့် ၂ ရာ ကျန်ပြီး အကောက်ခွန်ကို အပ်တော့ ၃၁၇၀ ပဲ ရှိတော့တယ် လို့ ဆိုပါတယ်။ သတင်း - မြတ်ထွဋ်

A d v e r t i s e m e n t With Us

More News
Up