ချစ်သူကို လမ်းမပေါ် ခြေသလုံးဖက်တောင်းပန်သည့် ရုပ်သံဖိုင် ရေပန်းစား
တရုတ်နိုင်ငံမှ အမျိုးသားတဦးဟာ ချစ်သူမိန်းကလေးကို လူသူရှုပ်ထွေးတဲ့ လမ်းမပေါ်မှာ ရုပ်ရှင်ဆန်ဆန် ခြေသလုံးဖက် တောင်းပန်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် အသုံးပြုသူတွေကြားမှာ လူပြောများနေပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဲဒီအမျိုးသားဟာ လမ်းပေါ်မှာ မှောက်လျက်လဲလျောင်းပြီး ချစ်သူကောင်မလေးရဲ့ ခြေအိတ်ကို အတင်းဆွဲချွတ် တောင်းပန်နေတာကို တွေ့ရပါတယ်။
သူက ထွက်မသွားဖို့ ခုလိုတောင်းပန်နေတာဟာ လမ်းမကြီးပေါ်မှာမို့ ချစ်သူ ကောင်မလေးဟာ ရှက်ပြီး သူ့ကိုလွှတ်ဖို့ အော်ဟစ်နေခဲ့တာကို တွေ့ရပါတယ်။
ဒါဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ ရေပန်းစား လူပြောများလာခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။