သမ္မတ ဦးထင်ကျော် ရုရှားမှ ပြန်ရောက် (ဓာတ်ပုံ)
DVB
·
May 22, 2016
ရုရှား -အာဆီယံ ဆက်ဆံရေး နှစ် ၂၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့တဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ မေ ၂၂ ရက်နေ့က ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံတော်သမ္မတနဲ့အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနဲ့ တာဝန်ရှိသူတွေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။
ဓာတ်ပုံ -Naw Pann Thinzar Myo