လက်စတာအသင်း ရွှေတိဂုံဘုရားဖူး လာမည်
အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာ ဘောလုံးအသင်းဟာ ဒီနေ့ညနေပိုင်း ရန်ကုန်ကိုလာပြီး ရွှေတိဂုံဘုရားဖူးမယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
လက်စတာအသင်းမှာ ယူရို ၂၀၁၆ ပြိုင်ပွဲဝင်မယ့် နာမည်ကြီး ဘောလုံးသမားများ ပါဝင်လာခြင်းမရှိဘဲ ထိုင်းနိုင်ငံကတဆင့် နေ့ချင်းပြန်ခရီးလာမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လက်စတာအသင်းက ဘောလုံးသမားတွေနဲ့ မြန်မာကလေးငယ်တွေ ရန်ကုန်လေဆိပ်မှာ တွေ့ဆုံကြမယ့်အစီအစဉ်လည်းပါဝင်ပါတယ်။