မေလ ၂၁ ရက်နေ့က ချင်းတောင်ဒေသ မိုးအဆက်မပြတ်ရွာသွန်းပြီး ကားလမ်းနေရာအချို့ မြေပြိုကျမှုကြောင့် ကလေးမြို့မှ ဟားခါး- ဖလမ်း- တီတိန် ယာဉ်လိုင်းတွေ သွားလာမရ ဖြစ်ခဲ့ကြပါတယ်။
ဒီရုပ်သံမှာတော့ ချင်းတောင်-ကလေးသွားလမ်းတနေရာမှာ တောင်ပေါ်ကနေ ရေတွေ မြေကြီးတွေကိုတိုက်စားပြီး ဒလဟော စီးကျလာနေတာတွေကို တွေ့ရမှာဖြစ်ပြီး ခရီးသွား ကားနဲ့ဆိုင်ကယ်တွေ ဘေးက ချောင်းကမ်းပါးထဲ မြေပြိုကျမှာကို မကြောက်မလန့် ဖြတ်သန်းသွားလာနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
ရုပ်သံ -
Zarlay Thawnpi