ဘက်ခမ်းသားနှင့် တွဲခုတ်နေသည်မှာ ကြာပြီဟု မော်ဒယ်မလေး ၀န်ခံ

3K
နာမည်ကျော်ဘောလုံးသမား ဒေးဗစ် ဘက်ခမ်းရဲ့သား ဘရွတ်ကလင် တွဲခုတ်နေတာ ကြာပြီလို့ ရည်းစား ခလိုဝီမိုရက်ဇ်က ၀န်ခံပြောဆိုလိုက်ပါတယ်။
အသက် ၁၉ နှစ် ခလိုက ဘရွတ်ကလင်နဲ့ ၂၀၁၄ ခုနှစ်တုန်းက ဆိုလ်း ဆိုင်ကယ် ကလပ်မှာတွေ့ခဲ့ကြတာ ဖြစ်ပြီး အချစ်ရေးကို လျှို့ဝှက်ထားရတာ စိတ်ပင်ပန်းလာတဲ့အတွက် မကြာသေးမီကမှ ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့တာလို့ ဒီသတင်းပတ်မှာ ခလိုဝီက ပြောကြောင်း မေရာသတင်းမှာ ဖော်ပြါတယ်။
ဓာတ်ပုံရိုက်တာကို ထွက်ပြေးနေရတာဟာလည်း ဆက်ဆံရေးကို ထိခိုက်သလို သွားချင်တဲ့ စားသောက်ဆိုင်နဲ့ ရုပ်ရှင်တွေကို မသွားဖြစ်ဘူးလို့ ပြောပါတယ်။
ဒီအတွက် လျှို့ဝှက်ထားတဲ့ ကန်လန့်ကာကိုဖွင့်ချလိုက်ပြီး ဓာတ်ပုံတွေ ရိုက်ချင်သလို ရိုက်ယူဖို့ ခွင့်ပြုလိုက်ရာမှာတော့ သူတို့က ဂရုမစိုက်တော့ဘူးလို့ ဆိုပါတယ်။
ဝန်ခံပြောဆိုလိုက်ပြီးနောက်ပိုင်း မေ ၂၀ ရက်က သူတို့စုံတွဲကို အတူတကွပုံမှန်မြင်တွေ့ရသလို အတူ ဈေးဝယ်ထွက်တာကိုလည်း မြင်တွေ့နေရပြီလို့ ဆိုပါတယ်။
ခလိုဝီမိုရက်ဇ်ဟာ အမေရိကန်မော်ဒယ်နဲ့ ရုပ်ရှင်သရုပ်ဆောင်တဦးလည်း ဖြစ်ပါတယ်။