ပဲလေ့စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီး မန်ယူအသင်း အက်ဖ်အေဖလားဗိုလ်စွဲ (ရုပ်သံဟိုက်လိုက်)
မေ ၂၁ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်ဖ်အေဖလား နောက်ဆုံးဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
နောက်ဆုံးဗိုလ်လုပွဲဖြစ်တာနဲ့အညီ နှစ်သင်းလုံး အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဂိုးကန်သွင်းခွင့်တွေလည်း အပြန်အလှန်ရရှိခဲ့ကြပါတယ်။
ဒီပွဲရဲ့ ပထမဂိုးကိုတော့ ဒုတိယပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်က အရင်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ၇၈ မိနစ်မှာ ဂျေဆန်က သွင်းယူခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၈၁ မိနစ်မှာ ဖလိုင်နီ ရင်ဘတ်နဲ့ ဖမ်းတားပေးတဲ့ ဘောလုံးကို မာတာက ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ ပွဲချိန် ပြီးဆုံးသွားပါတယ်။ အချိန်ပိုကစားရမှာတော့ မန်ယူအသင်းအတွက် အဖိုးတန် ဖလားရမယ့် အနိုင်ဂိုးကို မိနစ် ၁၁၀ မှာ လင်ဂတ်က သွင်းယူခဲ့တာဖြစ်ပါတယ်။
အက်ဖ်အေးဖလားသမိုင်းမှာ မန်ယူအသင်းဟာ ဒီတကြိမ်နဲ့ဆို စုစုပေါင်း ၁၉ ကြိမ် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး ၁၂ ကြိမ်ဗိုလ်စွဲထားပါတယ်။