ဝမ်းတွင်မြို့အထွက် အန္တရာယ်ကွေ့တွင် ယာဉ်တိုက်မှုဖြစ်
DVB
·
May 21, 2016
မန္တလေးတိုင်းဒေသကြီး ဝမ်တွင်းမြို့အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်း အန္တရာယ် ကွေ့လို့ခေါ်တဲ့ ယာဉ်တိုက်မှုများလို့ အပ်ချည်မျှင်ဆရာတော်က အဓိဋ္ဌာန်စေတီတည်ထား တဲ့နေရာမှာ မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ၂၂ ဘီးတွဲကားနှင့် တိုယိုတာဗစ်တာတို့ တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
မန္တလေးဘက်ကနေ ရန်ကုန်ကို ဦးတည်မောင်းနှင်လာတဲ့ ကြက်သွေးရောင် နီဆန်းအမျိုးအစား ၂၂ ဘီးတွဲယာဉ်က တဖက်ယာဉ်ကြောကနေ မောင်းနှင်လာတဲ့ ခဲရောင်တိုယိုတာကို ၀င်တိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုယိုတာ ယာဉ်မောင်းဖြစ်သူနဲ့ လိုက်ပါစီးနင်လာသူတို့ ဒဏ်ရာရရှိခဲ့တာကြောင့် မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသထားတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
ယာဉ်မဆင်မခြင်မောင်းနှင်သူ ၂၂ ဘီးတွဲယာဉ်မောင်း ကိုရွှေသန်းမောင်ကို ပြစ်မှုဥပဒေ ပုဒ်မ ၃၃၇/၃၃၈ နဲ့ ဝမ်းတွင်းမြို့မ ရဲစခန်း ဒုရဲအုပ်အောင်ကိုဝင်းက အမှုဖွင့်အရေးယူ ထားတယ်လို့ သိရှိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - မောင်မောင်လင်း (ဝမ်းတွင်း)